ယင်းတလဲလူမျိုးများသည် ရွာပေါင်း ၆၀ခန့်ရှိသော်လည်းယခုလက်ရှိတွင် ဘောလခဲ၊ ဝမ်အောင်းကျေးရွာ နှင့် စလဲလုံကျေးရွာဟူ၍ ရွာ ၃ရွာသာ ကျန်ပါတော့သည်။ ယင်းတလဲလူမျိုးမျာ၏ လူဦးရေမှာ စုစုပေါင်း ၃၀၀၀ခန့်ရှိသည်။ယင်းတလဲလူမျိုးများသည် ၄င်းတို့၏ စာပေကို ၂၀၁၄ခုနှစ် ဇွန်နဝါရီလ တွင်စတင်ခဲ့သည်။ အသုံးပြုသော အက္ခရာမှာ ဆရာခူးထဲဘူးဖဲ ထွင်ခဲ့သော အက္ခရာကို အသုံးပြုထားပါသည်။ ယင်းတလဲလူမျိုးများ၏ ဗျည်းအက္ခရာမှာ ၂၃လုံး၊ သရ ၁၅လုံး၊ အသံနိမ့်မြင့် ၃လုံး နှင့် ဗျည်းတွဲ ၅လုံး အသုံးပြုထားပါသည်။ ယင်းတလဲစာပေ ဆရာဖြစ်သင်တန်းကို၂၀၁၆ခုနှစ် မေလ တွင် ပထမအကြိမ် ပြုလုပ်ခဲ့ပါသည်။ ယင်းတလဲ အဘိဓါန်မှာ အလုံးပေါင်း ၃၀၀၀ ကျော်ခန့် ရေးထားပြီးဖြစ်သည်။ ဒုတိယအကြိမ် မွမ်းမံသင်တန်းကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံပြုလုပ်နိုင်ခဲ့သည်။
Copyright © 2021,